Search for:
Takumi Kawanishi

川西拓実(JO1) _ ハルカゼ (Myanmar sub)



ハルカゼ – နွေဦးလေညင်း

​”ဟရုကဇဲ” (နွေဦးလေညင်း) ဆိုတာ ဘဝပါပဲ။
နွေဦးဆိုတဲ့ ရာသီဟာ ဆုံတွေ့ခြင်းနဲ့ ခွဲခွာခြင်းတွေ ရှိတတ်ပြီး၊ အဆုံးသတ်နဲ့ အစပျိုးခြင်းကို အဓိပ္ပာယ်ဆောင်တယ်လို့ ထင်ပါတယ်။ ဝမ်းနည်းစရာ အတွေ့အကြုံတွေနဲ့ အားငယ်တဲ့ ခံစားချက်တွေကို ပြောင်းလဲပစ်လို့ မရနိုင်ပေမဲ့၊ စိတ်ထဲမှာတော့ အမြဲတမ်း ပျော်ရွှင်ခဲ့ရတဲ့ အမှတ်တရတွေနဲ့ လှပတဲ့ ရှုခင်းတွေ ကျန်ရစ်နေလိမ့်မယ်ဆိုတဲ့ မက်ဆေ့ခ်ျကို ထည့်သွင်းထားပါတယ်။
​ဘာမှမလုပ်ဆောင်ခဲ့ရင်တောင်မှ အနာဂတ်ဆိုတာ ဘယ်မှထွက်မသွားဘဲ အဲဒီအနီးအနားမှာတင် ရှိနေမှာပါ။ နောက်တစ်ကြိမ် ပြန်မဆုံခင်အထိ နွေဦးလေညင်းထဲမှာ လွင့်မျောလှုပ်ခတ်ရင်းနဲ့ တစ်ဆင့်ချင်းစီ ကြီးပြင်းလာနိုင်ရင် ကောင်းမှာပဲ။ အဲဒီလို ခံစားချက်မျိုးကို Acoustic Sound လေးပေါ်မှာ ထပ်ဆင့်ပြီး ဖန်တီးထားပါတယ်။

​ဘယ်လိုခံစားချက်၊ စိတ်လှုပ်ရှားမှုနဲ့ ရှုခင်းမျိုးကိုမဆို မေ့မပစ်ဘဲ သိမ်းဆည်းထားချင်ပါတယ်။
▬川西拓実

#JO1 #Takumi #川西拓実 #myanmarsub